Local News

ပြည်ပသို့တင်ပို့သည့် ကုန်စည်လိုင်များနှင့်စပ်လျဉ်း၍ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်များအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်ခြင်း

Last Updated:

ပြည်ပပို့တင်ပို့သည့် ကုန်စည်အချို့ကို နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကိုကာကွယ်ရန် ရည်ရွယ်လျက် H.S Code 6 digit ဖြင့် ကုန်စည်(၇၇၈) လိုင်းသို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၂၂၄) လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့် သတ်မှတ်ထုတ်ပြန်ထားပါသည်။ 

ယခုအခါ ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းအားတစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့်ပစ္စည်း ပါဝင်သည့် ပူးတွဲပါ 2017 Customs Traiff of Myanmar အရ H.S Code 6  digit ဖြင့် ကုန်စည်(၁၁)လိုင်း သို့မဟုတ် H.S Code 10 ditgit ဖြင့် ကုန်စည်(၁၂)လိုင်းကို ပို့ကုန် လိုငစင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်လိုက်သည်။

သို့ဖြစ်၍ အထက်အပိုဒ် ၂ ပါ လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည့်သည့်ကုန်စည်ကိုမဆို ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ပို့ကုန် လုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သည့် ကုန်စည်အဖြစ် ထပ်တိုးသတ်မှတ်သည့် ကုန်စည်စာရင်း အခြေပြဇယား

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းအဖြစ် ထပ်မံကြေညာသည့် ကုန်စည်လိုင်းစာရင်း

Category: Local News